၂၀၂၀ခုနှစ် - စိန်ခေါ်မှုရှိသောနှစ်တစ်နှစ်

ဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်နှင့် နီးကပ်စွာရှိနေခြင်းသည် ယခင်ကထက် ပို၍အရေးကြီးလာသည်။ သင်၏သစ္စာရှိရှိထောက်ပံ့မှုအားဖြင့် လွန်ခဲ့သောနှစ်က ဘုရားရှင်၏အမှုတော်ကို ဆက်လက်ထမ်းဆောင်ရန် ဘုရားသခင် ကူညီပေးသည့်နည်းလမ်းအချို့ကို ဤတွင်ဖော်ပြထားသည်။

ကိုဗစ် - ၁၉ ရောဂါကူးစက်မှု၊ လူမှုရေးအရအထီးကျန်မှုနှင့် အလုပ်အကိုင်ဆုံးရှုံးမှုများကြောင့် ကြောက်ရွံ့မှုများနှင့်စိုးရိမ်မှုများ မြင့်တက်လာခြင်းကြောင့် သမ္မာကျမ်းစာမှ နှစ်သိမ့်မှုနှင့်ဉာဏ်ပညာကိုပေးရန် သမ္မာကျမ်းစာဆိုင်ရာ အထောက်အကူပြုစာစောင်များကို ထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။

producing content
producing content

ကိုဗစ် - ၁၉ ဝက်ဘ်ဆိုဒ်များ

ကိုဗစ် - ၁၉ ရောဂါပျံ့နှံ့မှုကိုထိန်းချုပ်ရန် နိုင်ငံများစွာ၌ အသွားအလာ ကန့်သတ်နေထိုင်ကြခြင်းအပေါ် အလျင်အမြန်တုံ့ပြန်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန်းသစ်တီထွင်ပြောင်းလဲလျက် ကျွန်ုပ်တို့ မျှဝေခဲ့ပါသည်။

  • ပြည်တွင်းအကြောင်းအရာ

    YMI သည် ကျွန်ုပ်တို့၏လက်ရုံး လူရွယ်များအတွက်ဖြစ်ပြီး စာဖတ်သူများ ခွန်အားရရှိစေရန်အလို့ငှါ လေ့လာဖတ်ရှုစရာ အထောက်အကူပြုစာစောင်များကို အတူတကွစုစည်းထားသောမိုက်ခရိုဆိုဒ်ကို စတင်ခဲ့သည်။

  • အာရှဒေသတစ်ဝန်း

    ဟောင်ကောင်၊ မလေးရှားနှင့် ထိုင်ဝမ်တို့တွင် ကိုဗစ် - ၁၉ ဝက်ဘ်ဆိုက်ဒ်ကို တရုတ်ဘာသာဖြင့် စတင်ခဲ့ပြီး၊ စာဖတ်သူများအား ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ခွန်အားနှင့်နှစ်သိမ့်မှုရရှိစေရန် ဒေသခံဓမ္မဆရာများ၏ သင်ကြားပို့ချမှုများနှင့် ဘဝအသက်ရှင်လျှောက်လှမ်းမှု အသီးသီးမှ ယုံကြည်သူများ၏ သက်သေခံချက်များအားဖြင့် ကူညီပေးသည်။ မြန်မာနိုင်ငံအနေနှင့်လည်း "ထိတ်လန့်စိုးရိမ်မှုများမှ မျှော်လင့်ခြင်းသို့" ဝက်ဘ်ဆိုက်ဒ်ကို ပြုလုပ်ခဲ့ပြီး ကိုဗစ် - ၁၉ အခြေအနေအတွင်း ခွန်အားယူနိုင်စရာစာမူများကို မျှဝေခဲ့ပါသည်။

online teachings
online teachings

အွန်လိုင်း သမ္မာကျမ်းစာသင်ကြားခြင်း

သမ္မာကျမ်းစာသင်ကြားခြင်း အစီအစဥ်များကို ဖျက်သိမ်းလိုက်ရချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဗီဒီယိုများ၊ တိုက်ရိုက်ထုတ်လွှင့်ခြင်းများနှင့် အသံလွှင့် အစီအစဉ်များမှတစ်ဆင့် မျှဝေရန် အွန်လိုင်းသမ္မာကျမ်းစာလေ့လာခြင်း အစီအစဥ်များကို ကျွန်ုပ်တို့လုပ်ဆောင်ခဲ့ပါသည်။ သို့မှသာစာဖတ်သူများသည် ကျမ်းစာသင်ကြားသည့်ဆရာများထံမှ သင်ကြားမှုကို လက်မလွတ်သွားဘဲ နားထောင်ခံယူဖြစ်သည်။

staying in touch
staying in touch

အဆက်အသွယ်မပြတ်ရှိနေခြင်း

အသွားအလာထိန်းချုပ်မှုများကြောင့် လူချင်းတွေ့ဆုံမှုကို ကန့်သတ်ထားရသော်လည်း ကျွန်ုပ်တို့သည် စာဖတ်သူများနှင့်နီးကပ်စွာ အဆက်အသွယ်ပြုလျက် တစ်ဦးချင်း သွားရောက်တွေ့ဆုံမှုများ၊ ဖုန်းခေါ်ဆိုခြင်းနှင့် ဆုတောင်းခြင်းတို့ကိုပြုလုပ်ခဲ့သည်။

  • ပုဂ္ဂိုလ်ရေးဖုန်းခေါ်ဆိုမှုများ

    ထိုင်းနိုင်ငံတွင် နေ့စဉ်ခွန်အား အမှုတော်လုပ်ငန်းမှ ၀န်ထမ်းများက စာဖတ်သူ ၁၈၀၀ ခန့်အား သူတို့ကို အားပေးရန်နှင့် ဆုတောင်းပေးရန် ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံခြင်း၊ ဖုန်းခေါ်ဆိုခြင်းများ ပြုလုပ်ခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် စာဖတ်သူများက သူတို့အတွက် ဆုတောင်းပေးရန် တောင်းဆိုဖုန်းခေါ်လာသည့်အခါ ရက်အနည်းငယ်အကြာတွင် သူတို့အဆင်ပြေမပြေ ပြန်လည်ဆက်သွယ်လျက် နောက်ထပ် ဆုတောင်းပေးရမည့်အရာများ ရှိမရှိသိနိုင်ရန် မေးမြန်းကာ ဆုတောင်းပေးခဲ့ပါသည်။

supporting churches
supporting churches

အသင်းတော်များကို ထောက်ပံ့ခြင်း

အသင်းတော်များအနေဖြင့် အသင်းသားများ၊ ယုံကြည်သူမဟုတ်သူများနှင့် ဆက်လက်ဆက်သွယ်နိုင်မည့် ဆန်းသစ်သော ဖန်တီးမှုနည်းလမ်းများ ရှာဖွေနေရာ၊ ကျွန်ုပ်တို့သည် အခြေအနေအချိန်အခါနှင့် ကိုက်ညီသော တပည့်တော်စစ်ဖြစ်ခြင်း၊ ဧဝံဂေလိဝေငှခြင်း အပါအဝင် အခြားသောခေါင်းစဉ်များနှင့်ဆိုင်ရာ စာပေများကို အချိန်နှင့် တစ်ပြေးညီ ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

  • အထောက်အကူပြု ဝက်ဘ်စာမျက်နှာများ

    စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဘုရားကျောင်းများ ပိတ်ထားရပြီး ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အွန်လိုင်းသို့ပြောင်းရွှေ့စီမံရစဉ် အသင်းသားများကို အားပေးရန်နှင့် ခိုင်ခံ့စေရေးအတွက် အထူးသဖြင့် သင်းအုပ်ဆရာများနှင့် အသင်းတော်ဝန်ထမ်းများ အတွက် အထောက်အကူဖြစ်မည့် စာပေများရယူနိုင်အောင် အထောက်အကူပြု ဝက်ဘ်စာမျက်နှာများ အစပျိုးဆောင်ရွက်ပေးပြီး၊ ဝင်ရောက်အသုံးပြုခွင့် ပေးခဲ့သည်။

  • ဧဝံဂေလိစာစောင်များ

    ဖိလစ်ပိုင်နိုင်ငံမှ နေ့စဉ်ခွန်အား အမှုတော်လုပ်ငန်းသည် ဒေသခံဘုရားကျောင်းတစ်ခုနှင့် ပူးပေါင်းပြီး "Operation Blessing" ကယ်ဆယ်ရေးလုပ်ငန်းများတွင် အစားအစာအိတ်များ၌ နေ့စဉ်ခွန်အားစာအုပ်များ ထည့်ပေးပြီး အိမ်တွင်းနေထိုင်ခြင်းကြောင့် ထိခိုက်ခံစားရသော လူမှုအသိုင်းအဝိုင်းများ၏ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။ မြန်မာနိုင်ငံရှိ နေ့စဥ်ခွန်အား အမှုတော်လုပ်ငန်းအနေနှင့်လည်း မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီမှ quarantine centers များသို့စေလွှတ်သည့် လုပ်အားပေးလူငယ်များအတွက် "နေ့စဥ်ခွန်အား"စာအုပ်များ ပေးပို့ခဲ့သည်။

encouraging others
encouraging others

ကျန်းမာရေးဝန်ထမ်းများကို အားပေးခြင်း

စာဖတ်သူများနှင့် အသင်းတော်များအပြင် ကိုဗစ် - ၁၉ ကပ်ဆိုက်သောကာလတွင် ရှေ့တန်းမှ ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများအား ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် အားပေးနိုင်ခဲ့ပါသည်။

  • Thank You လက်ဆောင်အထုပ်များ

    စင်ကာပူနိုင်ငံတွင် ဆရာဝန်နှင့်သူနာပြုများ၊ အခြားကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများအား ကျေးဇူးတင်ကြောင်းကို ပြသသည့်အနေဖြင့် အထူးကျေးဇူးတင်ခြင်း လက်ဆောင်အထုပ် ၃၀၀၀ ကျော်ကို ဝေမျှပေးပြီး၊ သမ္မာကျမ်းစာမှ အားပေးစကားများ ပြောကြားလျက် ၎င်းတို့၏စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။

  • ဗီဒီယိုအားဖြင့် သက်သေခံချက်များ

    အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ လူနာများအား စောင့်ရှောက်မှုပေးသည့် ဆရာဝန်များနှင့် သူနာပြုများ၏ဗီဒီယိုများအပြင် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများ၏ သက်သေခံချက်များကို မျှဝေခဲ့သည်။ ရည်ရွယ်ချက်မှာ ၎င်းတို့ကို ဂုဏ်ပြုရန်၊ ၎င်းတို့အတွက် ဆုတောင်းပေးရန်၊ ကိုဗစ်ကုသရေးလုပ်ငန်းများကို ထောက်ပံ့ရန် အခြားသူများအား အားပေးလှုံ့ဆော်ရန်ဖြစ်သည်။ ထိုဗီဒီယိုများမှာ လူမှုမီဒီယာတွင် ကြည့်ရှုသူ ၅၀၀,၀၀၀ ကျော်၏အာရုံကို ဆွဲဆောင်ခဲ့ပြီး လူများစွာတို့၏စိတ်နှလုံးကို တို့ထိခဲ့သည်။

ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းပါ

ကျွန်ုပ်တို့၏ သမ္မာကျမ်းစာအခြခံ စာပေများမှတဆင့် လူတို့ ဘုရားသခင်နှင့် သခင်၏ နှုတ်ကပတ်တော်နှင့်နီးစေရန် ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျေးဇူးတော်အပေါ်မှီခိုသည်။

  • အောက်ပါတို့အတွက် ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းပေးပါ။

    ၁။ ကျွန်ုပ်တို့၏ အမှုတော်လုပ်ငန်းတွင် ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် အမှုတော်လုပ်ငန်း၏ မိတ်ဖက်မိတ်ဆွေများ စသည်ဖြင့် ပါရှိလေရာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုခေါ်တော်မူသော ဘုရားသခင်၏ အမှုတော်တာဝန်နှင့် ရူပါရုံကို သိရှိလျက် သစ္စာရှိစွာ ဆက်လက်ပါဝင်လုပ်ဆောင်ရန် ဆုတောင်းပေးပါ။

    ၂။ စာအုပ်စာပေ၊ ဒစ်ဂျစ်တယ်နည်းလမ်း၊ အသံဖိုင်၊ ဗီဒီယိုဖိုင်၊ စသည်ဖြင့် မည်သည့်နည်းလမ်းဖြင့်မဆို ကျွန်ုပ်တို့သည် နှုတ်ကပတ်တော် ဖြန့်ဝေသည့် အမှုတော်၌ ဆက်လက်၍ တစ်စိုက်မတ်မတ်လုပ်ဆောင်ရန် ဆုတောင်းပေးပါ။ သို့မှသာ သမ္မာကျမ်းစာကို သစ္စာရှိစွာ သင်ကြားပေးခြင်းဖြင့် လူသန်းပေါင်းများစွာတို့အား သွန်သင်ခြင်း၊ စိန်ခေါ်ခြင်း၊ နှစ်သိမ့်သက်သာစေခြင်းအမှုကို ပြုနိုင်မည် ဖြစ်သည်။

    ၃။ ကျွန်ုပ်တို့သည် အမှုတော်လုပ်ငန်းအတွက် လိုအပ်ရာများကို ဖြည့်ဆည်းထောက်ပံ့ပေးသူ ဘုရားသခင်ထံ မျှော်ကြည့်လျက် ဘုရားသားသမီးတို့မှတစ်ဆင့် ပေးလှူလာသည့် အထောက်အပံ့များကို အမြော်အမြင်နှင့်သုံးစွဲသည့် ဘဏ္ဍာစိုးကောင်းဖြစ်ရန်၊ ရရှိသမျှသော ငွေကြေးအလှူများကို ကိုယ်တော်၏ နိုင်ငံတော်အဖို့အလို့ငှာသာ သုံးစွဲရန် ဆုတောင်းပေးပါ။

အထက်ပါလူဦးရေ အရေအတွက်နှင့်အတူ ဆုတောင်းခြင်း၌ ပူးပေါင်းပါဝင်ပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်။